Skip to main content

မေသန်းနု မှားခဲ့တာတွေက ကျွန်တော့်အတွက် လုပ်ခဲ့တာပါဆိုတဲ့ မင်းသန့်မောင်မောင်



 မေသန်းနု မှားခဲ့တာတွေက ကျွန်တော့်အတွက် လုပ်ခဲ့တာပါဆိုတဲ့ မင်းသန့်မောင်မောင် မေသန်းနုနဲ့ စင်ရော်မောင်မောင်တို့ရဲ့ အိမ်ထောင်ရေးကို ပြန်လည်သာယာစေခဲ့တာက သားလေး မင်းသန့်မောင်မောင် ကြောင့်ပါ။ နှစ်ဦးကြားမှာ ပြဿနာလေးတွေ ရှိခဲ့တာမို့ ကလေးဘဝအရွယ်က မင်းသန့်မောင်မောင်ကို မိခင်ဖြစ်သူနဲ့ပဲ တွေ့ရတာ များပါတယ်။
တစ်ဦးတည်းသော သားလေးမို့ အချစ်ပိုသလို နိုင်ငံခြားထိ ပညာသင်စေလွှတ်ပေးတဲ့ မိဘနှစ်ပါးရဲ့ ပျိုးထောင်မှုကို ကြည့်မယ်ဆိုရင်တော့ အချစ်တွေက တော်တော်လေး သိသာနေပါပြီ။ ကျောင်းပြီးချိန်မှာလည်း သားအတွက် ပထမခြေလှမ်းဖြစ်တဲ့ “တိမ်တွေပေါ်ကပန်း”
ရုပ်ရှင်ကားကြီးကို ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးနိုင်အောင် စင်ရော်မောင်မောင်က ပံ့ပိုးပေးသလို မေသန်းနုကလည်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး အားဖြည့်ပေးခဲ့တာပါ။သားလေးအတွက် ပျော်မဆုံး မော်မဆုံး ဖြစ်နေချိန်မှာပဲ ကံဆိုးစွာနဲ့ မေသန်းနုတစ်ယောက် တရားစွဲဆို ခံလိုက်ရတာ ဖြစ်ပါတယ်။ တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်ချိန်မှာ အားလုံးအတွက် ဝမ်းနည်းစရာ ဖြစ်ခဲ့ရသလို အရွယ်ငယ်သေးတဲ့
သားဖြစ်သူအတွက်လည်း ဒီသတင်းကြောင့် တုန်လှုပ်ခဲ့ရပါတယ်။ မင်းသန့်မောင်မောင်ကတော့ မိခင်ဖြစ်သူရဲ့ ဇန်နဝါရီ (၂၇) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့မှာ မှတ်မှတ်ရရ မွေးနေ့ဆုတောင်းပေးခဲ့သလို မိခင်ကိုယ်စား အားလုံးဆီက ခွင့်လွှတ်ပေးမှုကိုလည်း ခုလို တောင်းခံခဲ့ပါတယ်။“ဤလောကတစ်ခုလုံး၌ ကျွန်တော်ဧ။် တစ်ဦးတည်း ချစ်ရသော မိခင်ရဲ့မွေးနေ့ ဖြစ်ပါတယ်။
ကျွန်တော်ကို ဒီနေ့အထိ ပြုစုပျိုးထောင်ပြီး ကျွန်တော့် အတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ဒီနေ့ဟာ ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံးဖြစ်တဲ့ ကျွန်တော်အမေရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အခက်အခဲတွေ အတားအဆီတွေ ကြားထဲကနေ ဒီနေ့လေးကို အမေအတူတူ ကျွန်တော် ဖြတ်သန်းချင်တာပါ။ နာကြင်တဲ့ ကြားထဲကနေ ကံကြမ္မာဆိုးတွေကို ကျွန်တော်နဲ့အတူ ဖြတ်ကျော်ကြရအောင်ပါ။
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အမေ ကျွန်တော်ရဲ့ အမေပါပဲ။ အမေက ကျွန်တော့်ကို ဒီလောကကြီးထဲမှာ ရှင်သန်ခွင့်ပေးခဲ့တယ်။ အမေကို အမြဲတမ်းချစ်ပြီး အမြဲတမ်း လွမ်းနေရပါတယ်။ အမေနဲ့ ကျွန်တော်မိသားစုအတွက် ဂုဏ်ယူရအောင် အမြဲအလုပ်တွေ ကြိုးစားနေပါတယ် ဒီထက်ပိုပြီးလည်း ကြိုးစားသွားပါ့မယ်
အမေမှားခဲ့တာတွေ ရှိခဲ့ရင်လည်း ကျွန်တော် ခွင့်လွှတ်ပါတယ် ကျွန်တော့်အတွက် လုပ်ခဲ့တယ်ဆို ကျွန်တော် အသိဆုံးမို့လို့ပါ။”“ သား အမှားတွေ ရှိခဲ့ရင်လည်း သားကို ခွင့်လွှတ်ပေးပါအမေ။ အားလုံးသော ခွင့်လွှတ်ခြင်းတွေနဲ့ အမေ ကျန်းမာပျော်ရွှင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော် အမေ့ရဲ့ကိုယ်စား အမေ့မွေးနေ့မှာ အန္တရာယ်ကင်းပြီး အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံး စိတ် ဧ။် ကျန်းမာခြင်းနဲ့ပြည့်စုံပြီး မိသားစုနှင့်အတူပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ချစ်တယ် အမေ။ကျွန်တော့်အမေကို ဆုတောင်းပေးပါသော ပရိသတ်များအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။
ကျွန်တော်အမေမှားခဲ့တာရှိရင်လည်း အမေ့ကိုယ်စား ကျွန်တော်ကပဲ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ” ဆိုပြီး ဖတ်မိသူတိုင်း ရင်မှာ ကရုဏာသက်စေလောက်တဲ့ ခံစားချက်ကို မြင်တွေ့ရတာ ဖြစ်ပါတယ်။သားအတွက် အနစ်နာခံခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်ကိုတော့ ခံစားဖူးသူတိုင်း နားလည်ကြမှာ ဖြစ်သလို ပရိသတ်တွေချစ်တဲ့ မဆင့်ကို အားလုံးက အပြစ်မမြင်ဘဲ အမြဲတမ်း ချစ်ခင်နေကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ခရက်​ဒစ်​ ​ပြောchimလွန်းလို

Comments

Popular posts from this blog

မင်းသမီး မိုးပြည့်​ပြည့်​​မောင်​ရဲ့ ကိုယ်​လုံးတီးပုံများ ​​ပေါ်ထွက်​လာ

 သူလဲမထင်ရဘူးနော် အတောင့်ကြီးပဲ

သင်ဇာဝင့်ကျော်နဲ့မေသန်းနုတို့ရဲ့ကိုယ်လုံးတီးပုံများပေါ်ထွက်လာ

 

ဒေါက်တာမလေး နန်းမွေစံရဲ့ vdo ၃ကား အဝကြည့်လိုက်ပါ