သူများနိုင်ငံတွေက အသီးသီးပြန်ခေါ်နေချိန်မှာ မပြန်ရတော့ဘူးလား ဆိုပြီး ဝမ်းနည်းဖွယ် ရင်ဖွင့်လာတဲ့ ဝူဟန်က မြန်မာကျောင်းသူလေး
သူများနိုင်ငံတွေက အသီးသီးပြန်ခေါ်နေချိန်မှာ မပြန်ရတော့ဘူးလား ဆိုပြီး ဝမ်းနည်းဖွယ် ရင်ဖွင့်လာတဲ့ ဝူဟန်က မြန်မာကျောင်းသူလေး

ဝူဟန်မြို့မှ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစပ်မှု မြန်သလို ကုသမယ့် ဆေးလည်းမရှိသေးတဲ့အတွက် တစ်ကမ္ဘာလုံး တုန်လှုပ်ခြောက်ခြားနေရတဲ့ ရောဂါကပ်ဆိုးကြီးဖြစ်ပါတယ်။
နိုင်ငံအနှံ့ကနေ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ဒီအထဲမှာ။ မြန်မာကျောင်းသားတွေအများအပြားလည်းရှိနေပါတယ်။ မြန်မာအာဏာပိုင်တွေက ပြန်ခေါ်ဖို့လေယဉ်အဆင်သင့် ဆေးရုံ အဆင်သင့်ဆိုတာ လုံးဝမဟုတ်ပါဘူး။မြန်မာ ကျောင်းသားတွေဆီ တစ်ပတ်စာ အစားအစာပို့တာလည်း မဟုတ်ဘူးဆို တာတွေသိရ ပါတယ်။
ဝူဟန်ရောက် မြန်မာကျောင်သူတစ်ဦးရဲ့ ရင်နင့်ဝမ်းနည်းဖွယ် ရင်ဖွင့်စကားတွေကို မျှဝေပေးလိုက်ရပါတယ်။ယခုလို သူမရဲ့ facebook account မှာ ဖော်ပြထားပါတယ်။

“””
We are MYAMMAR citizens too ! Please help us come out ! Please let us come back 

အရင်ပြောတော့ တရုတ်က ခွင့်မပြုလို့ ပြန်မခေါ်နိုင်တာပါ လေယာဉ်က အဆင်သင့် ဆေးရုံက အဆင်သင့် …အခု ခွင့်ပြုပြန်တော့လဲ လေယာဉ်လွှတ်ဖို့ အခုမှ စာတင်ပီး လေယာဉ်လွှတ်ဖို့ မေးထားပါတယ်တဲ့ …ရက်စက်လိုက်ကြတာ..
ဒီလို အခြေနေဆိုးနေတဲ့ အချိန်မှာသူများနိုင်ငံက အခုပဲ ခေါ်နေပီ လေယာဉ်ကို ဆရာဝန်၂ယောက်နဲ့ stanbyစောင့်နေတဲ့ အချိန် ကိုယ်တွေကတော့ အခုမှ စာတင်ရတုန်းဆိုတော့ ဘယ်တော့မှ ပြန်ရမှာလဲရှင် !! ငိုရလွန်းလို့လဲ ခေါင်းတွေလဲကိုက်နေပီ. ညလဲ အိပ်မပျော်။

ဂျာနယ်ထဲမှာတော့ အစားအသောက်တပတ်စာပေးထားပါတယ်တဲ့ အဲ့တာလဲ ခုထိ လက်ထဲရောက်မလာ လမ်းမှာပျောက်…မပြန်ရတော့ဘူးဆိုလဲ တခွန်းပဲပြောပေးပါ. ပြန်ရမယ်ဆိုလဲ မြန်မြန်လာခေါ်ပေးကြပါ။
“””
We are MYAMMAR citizens too ! Please help us come out ! Please let us come back 

သူတို့နေရာမှာ ပရိတ်သတ်ကြီးဆိုရင်ရော ဘယ်လိုခံစားရမလဲ။ဘယ်လောက်အားငယ်နေလိုက်မလဲ။ဝူဟန်ရောက် မြန်မာပြည်သူ/သားတွေ ကျန်းမာကြပါစေလို့ ဆုတောင်းရင် ဤ postလေးကို အများပြည်သူတွေသိအောင် shareသွားကြပါဦး
Comments
Post a Comment