စပိန်နာမည်ရ မင်းသမီးတစ်ဦးဟာ အပေါင်းအသင်းတွေနဲ့ ခုန်ပေါက်အောင်ပွဲခံစဉ်မှာပဲ အပေါ်ပိုင်းဝတ်ထားတဲ့ အင်္ကျီတစ်ခုလုံး လုံးလုံးလျားလျား ကျွတ်ကျသွားတာကြောင့် ရွှေရင်နှစ်မွှာဟာ ကင်မရာတွေရဲ့မြင်ကွင်းထက်မှာ ဘွားကနဲ့ ပေါ်ခဲ့ရပါတယ်။ မင်းသမီးရဲ့အမည်ကတော့ Celia Freijeiro ဖြစ်ပြီး၊ အသက်(၃၆)နှစ်ပါ။
Celia ဟာ မက်ဒရစ်မြို့မှာပြုလုပ်တဲ့ Feroz Awards ဆုပေးပွဲမှာ သူငယ်ချင်းတွေနဲ့အတူ အောင်ပွဲခံရင်း အခုလို မတော်တဆ ဖြစ်ခဲ့ရတာပါ။ Celia ပါဝင်ထားတဲ့ Vida Perfecta TV Show ဟာ ယခုနှစ်မှာ Best Comedy TV show ဆုကို ရရှိခဲ့လို့ အခုလို အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
အဲဒီဆုဟာ ရုပ်ရှင်နယ်ပယ်နဲ့ ပတ်သက်သူတွေ လိုချင်တက်မက်ကြတဲ့ Golden Globes ဆုနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ Celia ဟာ ကြိုးမဲ့ဆင်စွယ်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတာဖြစ်ပြီး၊ စိတ်လွတ်လက်လွတ် ခုန်လိုက်ချိန်မှာ အင်္ကျီအပေါ်ပိုင်းက လွတ်လွတ်ကျွတ်ကျွတ်ကို ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက သူမ ဘရာလည်း ဝတ်မလာခဲ့တာပါ။
Primero fue Sabrina, luego Janet Jackson y ahora yo.
¡¡¡Free the nipples!!! #PremiosFeroz #vidaperfecta
427 people are talking about this
Feroz Award ဆုပေးပွဲကို Spanish Film Academy က (၂၀၁၄)ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး၊ အထူးသဖြင့်တော့ စပိန်ရုပ်/သံနယ်ပယ်မှ ကောင်းမွန်ပေါက်မြောက်တဲ့ဇာတ်ကားတွေကို ထူးချွန်ဆုပေးတဲ့ ပွဲလည်းဖြစ်ပါတယ်။ အခုနှစ် ဆုပေးပွဲမှာတော့ အကြီးဆုံးအောင်ပွဲခံခဲ့သူမှာ ဒါရိုက်တာ Pedro Almodovar ရဲ့ Pain and Glory ဇာတ်ကားဖြစ်ပါတယ်။
အဲဒီဇာတ်ကားမှာတော့ Antonio Banderas က သရုပ်ဆောင်ထားပြီး၊ မက်ဒရစ်မြို့မှာ နေထိုင်ရင်း ရုန်းကန်နေရတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အော်စကာနှစ်ဆုရ ဒါရိုက်တာဖြစ်တဲ့ Almodovar ဟာ ဒီဇာတ်ကားမှာလည်း အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဒရာမာဇာတ်ကားဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုတွေကို သိမ်းပိုက်ခဲ့ပါတယ်။
ဒီလိုပဲ အဲဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ မင်းသား Antonio လည်း အကောင်းဆုံးသရုပ်ဆောင်ဆု ရရှိခဲ့သလို သူရဲ့မိခင်နေရာမှာ သရုပ်ဆောင်တဲ့ အသက်(၈၇)နှစ်အရွယ် ပြဇာတ်မင်းသမီးကြီး Julieta Serrano ကလည်း အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ရရှိခဲ့တာမို့ အခုနှစ် Feroz Award ဆုပေးပွဲကတော့ Pain and Glory ဇာတ်ကားရဲ့နှစ်လို့ ပြောလို့ရပါတယ်။
Comments
Post a Comment