
စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ အဖွားအတွက် လိုအပ်တာတွေ အကုန်လုံးကို ကူညီထောက်ပံ့သွားမယ့် ဂျွန်လွင်
ဂျွန်လွင်ကတော့ အနုပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ အနုပညာလောကအတွက်မရှိမဖြစ် ဆရာတစ်ဦးပဲဖြစ်ပါတယ်။
တပည့်တွေအပေါ်မှာလည်း စေတနာအပြည့်အဝထားတဲ့ ဆရာကောင်းတစ်ယောက်ပီသသလို မွန်မြတ်လှတဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူပါ။

ရှာဖွေထားတဲ့ ချွေးနည်းစာတွေထဲကနေ အကူအညီလိုအပ်နေတဲ့ သူတွေကိုလည်း တက်စွမ်းသ၍ကူညီပေးနေတဲ့ စေတနာရှင်ကြီးလည်းဖြစ်ပါတယ်။
ဂျွန်လွင်က မွေးရာပါဦးနှောက်ထဲ အရည်စုပြီး ဦးခေါင်းခွံကြီးရောဂါဖြစ်နေတဲ့ (၂)ရက်သားကလေးငယ်လေးအတွက် ဆေးကုသစရိတ်တွေလှူဒါန်းခဲ့သလို လုပ်ငန်းခွင်မှာ လက်(၃)ချောင်းပြတ်သွားခဲ့တဲ့ ကလေးလုပ်သားမောင်ချစ်မင်းထက်ရဲ့

ဘဝရပ်တည်ရေးအတွက်လည်း လိုအပ်တဲ့ ပညာတွေကို သင်ပေးခဲ့ပါသေးတယ်။မကြာသေးခင်ကလည်း ထမင်းရည်ပူလောင်တဲ့ ဝေဒနာကို ခံစားနေရတဲ့ လသားကလေးငယ်လေးကိုလည်း လိုအပ်တဲ့ ကူညီမှုတွေကို ပေးခဲ့ပါသေးတယ်။
အခုတစ်ခေါက်မှာလည်း ဂျွန်လွင်က လမ်းဘေးမှာ လာရောက်စွန်ပစ်သွားတာကို ခံခဲ့ရတဲ့ အမေအိုကြီးရဲ့ ဒုက္ခကို မကြည့်ရက်နိုင်တာကြောင့် ဒီနေ့ကနေစပြီး အဖွားလိုအပ်တာတွေအကုန်ထောက်ပံ့ကူညီပေးသွားမယ့်အကြောင်းကို
သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ပရိသတ်ကြီးရေ ဂျွန်လွင်နဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စွမ်းစွမ်းတမံ ကူညီတတ်တဲ့ စိတ်ထားလေးကတော့ မလေးစားပဲကို မနေနိုင်လောက်အောင်ပါပဲနော်။
Comments
Post a Comment