ထိုင်းကအလိုရှိနေတဲ့ တရားခံ ၂ဦးကို မြန်မာရဲတပ်ဖွဲ့က ဖမ်းပြီး ထိုင်းဘက်ကို ပြန်လွှဲပေး
ထိုင်းနိုင်ငံမှာ လူသတ်မှု ကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံတွင်း ထွက်ပြေးလာတယ်ဆိုတဲ့ တရုတ်နိုင်ငံသား ၂ဦးကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ဒီကနေ့ မတ် ၄ရက်နေ့မှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
လူသတ်မှုအတွက် ထိုင်းကအလိုရှိသူ ၄ဦးအနက် ၂ဦးမှာ မြန်မာနိုင်ငံဘက်ကို မြဝတီမြို့ကတဆင့် ဝင်ရောက်သွားခဲ့ ကြောင်း သိရတဲ့အတွက် ထိုင်းဘက်ကနေ မြန်မာရဲတပ်ဖွဲ့ကို အကူအညီတောင်း ခဲ့တာကြောင့် ထိုင်းက အလိုရှိနေသူ ၂ဦးကို ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မှာ ဖမ်းမိခဲ့ပြီးနောက် အခုလို ပြန်လည် လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
‘ ‘ မနေ့ညနေက မြဝတီကို ရောက်တယ်လို့သိရတယ်။ ဒီနေ့က မြဝတီက တဆင့် မဲဆောက်ရဲစခန်းကို လွှဲလိုက်တာ။ တရားခံတွေကို မဲဆောက်လေဆိပ်ကနေ အလောင်းတွေရှိတဲ့နေရာကို ခေါ်သွားမယ်လို့ သိရတယ်။ သရုပ်ပြတာတွေလုပ်ဖို့အတွက်။ အွန်လိုင်းက လောင်းကစားကိစ္စကြောင့် လင်မယား ၂ဦးလုံးကိုသတ်လိုက်တာလို့ သိရတယ်’’ လို့ မဲဆောက်မြို့မှာသတင်းသွားရောက်ရယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
အဆိုပါ တရုတ်နိုင်ငံ၂ဦးမှာ ထိုင်းနိုင်ငံ ပတ္တယားမှာ နေထိုင်တဲ့ လင်မယား ၂ဦးကို သတ်ပြီးနောက် က် Kum phan phet ကမ်ဖင်န်ဖက်သ် ကို အလောင်းတွေကို သွားရောက်ဖျောက်ဖျက်ခဲ့တယ်လို့ သိရပါတယ်။
#ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ - ဦးအောင်ကျော်ဦး /ဘီဘီစီမြန်မာပိုင်း
ထိုင္းကအလိုရွိေနတဲ့ တရားခံ ၂ဦးကို ျမန္မာရဲတပ္ဖြဲ႕က ဖမ္းၿပီး ထိုင္းဘက္ကို ျပန္လႊဲေပး
ထိုင္းႏိုင္ငံမွာ လူသတ္မႈ က်ဴးလြန္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္း ထြက္ေျပးလာတယ္ဆိုတဲ့ တ႐ုတ္ႏိုင္ငံသား ၂ဦးကို ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီးေနာက္ ဒီကေန႔ မတ္ ၄ရက္ေန႔မွာ ထိုင္းႏိုင္ငံရဲတပ္ဖြဲ႕ကို ျပန္လည္ လႊဲေျပာင္း ေပးအပ္ခဲ့ပါတယ္။
လူသတ္မႈအတြက္ ထိုင္းကအလိုရွိသူ ၄ဦးအနက္ ၂ဦးမွာ ျမန္မာႏိုင္ငံဘက္ကို ျမဝတီၿမိဳ႕ကတဆင့္ ဝင္ေရာက္သြားခဲ့ ေၾကာင္း သိရတဲ့အတြက္ ထိုင္းဘက္ကေန ျမန္မာရဲတပ္ဖြဲ႕ကို အကူအညီေတာင္း ခဲ့တာေၾကာင့္ ထိုင္းက အလိုရွိေနသူ ၂ဦးကို ဧရာဝတီတိုင္းေဒသႀကီး ေငြေဆာင္မွာ ဖမ္းမိခဲ့ၿပီးေနာက္ အခုလို ျပန္လည္ လႊဲေျပာင္းေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
‘ ‘ မေန႔ညေနက ျမဝတီကို ေရာက္တယ္လို႔သိရတယ္။ ဒီေန႔က ျမဝတီက တဆင့္ မဲေဆာက္ရဲစခန္းကို လႊဲလိုက္တာ။ တရားခံေတြကို မဲေဆာက္ေလဆိပ္ကေန အေလာင္းေတြရွိတဲ့ေနရာကို ေခၚသြားမယ္လို႔ သိရတယ္။ သ႐ုပ္ျပတာေတြလုပ္ဖို႔အတြက္။ အြန္လိုင္းက ေလာင္းကစားကိစၥေၾကာင့္ လင္မယား ၂ဦးလုံးကိုသတ္လိုက္တာလို႔ သိရတယ္’’ လို႔ မဲေဆာက္ၿမိဳ႕မွာသတင္းသြားေရာက္ရယူေနတဲ့ ဘီဘီစီသတင္းေထာက္က ေျပာပါတယ္။
အဆိုပါ တ႐ုတ္ႏိုင္ငံ၂ဦးမွာ ထိုင္းႏိုင္ငံ ပတၱယားမွာ ေနထိုင္တဲ့ လင္မယား ၂ဦးကို သတ္ၿပီးေနာက္ က္ Kum phan phet ကမ္ဖင္န္ဖက္သ္ ကို အေလာင္းေတြကို သြားေရာက္ေဖ်ာက္ဖ်က္ခဲ့တယ္လုိ႔ သိရပါတယ္။
#ဘီဘီစီျမန္မာပုိင္း
ဓာတ္ပံု - ဦးေအာင္ေက်ာ္ဦး /ဘီဘီစီျမန္မာပိုင္း
Comments
Post a Comment